News

ချောမောလှပတဲ့ သူမရဲ့ တစ်ဦးတည်းသောမောင်လေးကို ထုတ်ဖော်ပြသလာတဲ့ မင်းသမီး ဖွေးဖွေး

ပရိသတ်ကြီးရေ… သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းသရုပ်ဆောင် တစ်ယောက်ပါပဲ။ ဖွေးဖွေးက အခုဆိုရင် သူဝါသနာပါ တဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ မို့ အသက်သုံးဆယ်ကျော်အရွယ်အထိ အိမ်ထောင်မပြု တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်သေးပဲနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ မောင်လေး ဧဒင်ဦးရဲ့ ဓာတ်ပုံလေးကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြလာ ခဲ့ပါတယ်။ ဖွေးဖွေးက ” My Little brother , We are Mg Oo’s Kids but not urs ”
#Oo#OoFamily #EdenOo Kyaw Kyaw Win
ဆိုပြီး သူမရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ယခုလို ထုတ်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ သူမရဲ့ မိသားစုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မကြာခဏဆိုသလို ထုတ်ပြလေ့ရှိတာ ပဲ ဖြစ်ပြီး သူမရဲ့ မိသားစုတွေကိုလည်း တန်ဖိုးထား ချစ်ခင်သူဖြစ်ပါတယ်။ ကြီးလည်း ဖွေးဖွေးတို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေး ကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *