News

ငလျင်ဒဏ်ခံရသည့် စစ်ကိုင်းနှင့် မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်

အင်းအားပြင်း ငလျင်ဒဏ်ကို အလူးအလဲခံခဲ့ရသည့်
မန္တလေးနှင့် စစ်ကိုင်းတွင် ယနေ့ ဧပြီလ (၅) ရက် ညဦးပိုင်း၌ မိုးနှင့်လေ သည်းထန်စွာ ရွာသွန်းလျက်ရှိကြောင်း သိရသည်။

လူပေါင်း ၃၀၀၀ဝန်းကျင်သေဆုံးခဲ့ရပြီး တိုက်တာအ ဆောက်အဦး၊ ဘုရားစေတီနှင့် သာသနိကအဆောက်အဦး အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရသည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခပင်လယ်ဝေနေချိန်၌ပင် ယခု ကဲ့သို့ မိုးနှင့်လေ အသည်းအထန်ရွာနေခြင်းသည် ရေနစ်သူ ဝါးကူထိုးခြင်း ဖြစ်ကြောင်း မန္တလေးနှင့် စစ်ကိုင်းဒေသခံများက ညည်းညူကြသည်။

” မိုးရော လေရော တော်တာ် သည်းသည်းကိုရွာနေတာ” ဟု ငလျင်ဒဏ်သင့် စစ်ကိုင်းဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်း ပြည်နယ်တောင်ပိုင်းအပါအဝင် ဒေသအချို့တွင် လူပေါင်း ၃၀၀၀ ဝန်းကျင်‌ဆုံးခဲ့ကြောင်း နိုင်ငံတကာ စစ်တမ်းများအရ သိရသည်။

လက်ရှိတွင် နိုင်ငံတော်အစိုးရက ငလျင်ဒဏ်သင့်ဒေသများကို အရေးပေါ်အခြေအနေ ကြေညာထားပြီး အရေးပေါ်ကူ ညီကယ်ဆယ်ရေးများ ဝိုင်းဝန်းလုပ်ဆောင်နေရဆဲအခြေအနေဖြစ်သည်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *