အပျိုမလေးနဲ့ သူရဲကောင်းသုံးဖော် အပိုင်း (၁)
မန္တလေးမြို့လယ်ရှိ Five Star Construction Company ၏ ဒုတိယထပ်ရုံးခန်းထဲတွင် လူငယ်တစ်ယောက် ခေါင်းတကုတ်ကုတ်ဖြင့် ပစ္စည်းတစ်ခုခုကို အပန်းတကြီး လိုက်ရှာနေလေသည်၊ သူ့ပုံစံကိုကြည့်လျင် ဆံပင်ဘုတ်သိုက်နှင့် ညှင်းသိုးသိုးပုံစံရှိသည်။ ရုပ်ရည်မှာမူ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိပြီး အသားမဲလေသည်၊ သူသည် ကုမ္ပဏီ၏ ယူနီဖောင်းဖြစ်သော အပြာရောင်တီရှပ်နှင့် စတိုင်ဘောင်းဘီအမဲရောင်ကို ဝတ်ဆင်ထားလေသည်၊ သူ၏မျက်လုံးများသည် ရုံးခန်းတွင်း ထိုင်ခုံများစားပွဲများပေါ်သို့ ကျီးကန်းတောင်းမှောက် တဖြတ်ဖြတ်လျှောက်ကြည့်ပြီး …
အပျိုမလေးနဲ့ သူရဲကောင်းသုံးဖော် အပိုင်း (၁) Read More