အသုံးဝင်တဲ့ အပေါက်ကလေး
သံချောင်း သူငယ်ချင်းတွေနှင့် နေ့ခင်းထမင်းစားကျောင်းဆင်းချိန် ကျောင်းအတူတူပြေးလာပြီးမှ အချင်းချင်းစကားများကာ စိတ်ဆိုးပြီး အိမ်သို့ပဲတန်းပြန်လာခဲ့သည်။ သံချောင်းအဖေက မြို့ထဲမှာဆိုင်တစ်ဆိုင်ပိုင်ပြီး အမေဖြစ်သူက ခရီးသွားအေဂျင်စီတစ်ခုကမန်နေဂျာဖြစ်လေရာ နေ့ခင်းနေ့လည်ဆို အိမ်မှာလူမရှိ။ ညနေလောက်မှ မိဘတွေကပြန်ရောက်ကြမှာမို့ သံချောင်း အိမ်ကိုပဲပြန်လာခဲ့ခြင်းဖြစ်သည်။ သံချောင်းမိဘတွေက အလုပ်များသူတွေမို့ တစ်ခါတစ်လေဆို ညမိုးချုပ်လောက်မှအိမ်ပြန်ရောက်တတ်သည်။ ဒါကြောင့်လဲ သံချောင်းမှာလွတ်လပ်ချင်တိုင်းလွတ်လပ်နေသူဖြစ်ပြီး မကြာခဏကျောင်းပြေးပြီး အိမ်ပြန်လာလေ့ရှိသည်။ ယခုလဲ အိမ်ရှေ့ရောက်တော့ အိမ်ရှေ့ခြံတံခါးကစိရုံသာစိထားပြီး သော့မခတ်ထား။ ဒီခြံတံခါးကအမြဲသော့ခတ်ထားနေကျဖြစ်ပြီး …
အသုံးဝင်တဲ့ အပေါက်ကလေး Read More